မလေးရှားနိုင်ငံသည် ၂၀၂၇ ခုနှစ်တွင် ဆန်တင်သွင်းမှုကို လျှော့ချရန် ရည်မှန်းထားပြီး ပြည်တွင်းထုတ်လုပ်မှုသည် နှစ်စဉ် ၃% တိုးတက်ကာ တန်ချိန် ၁.၅ သန်းအထိ ရောက်ရှိရန် မျှော်လင့်ထားကြောင်း မလေးရှား စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး Datuk Seri Mohamad Sabu က ပြောကြားသည်။ ၎င်းဆောင်ရွက်ချက်သည် လာမည့်သုံးနှစ်အတွင်း ပြည်ပမှ တင်သွင်းသော စားသောက်ကုန် များအပေါ် မှီခိုအားထားနေရခြင်းကို လာမည့် ၃ နှစ်တွင် လျှော့ချရန် လုပ်ဆောင်လျက်ရှိသည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဆန် တင်သွင်းသည့်ပမာဏနှင့် ပြည်တွင်း ထြတ်လုပ်မှု အချိုးအစားသည် ၂၀၂၃ တွင် ၀.၇၈:၁ ရှိပြီး ၂၀၂၄ တွင် ၀.၈၉:၁ ရှိသဖြင့် ပြည်ပဆန်အပေါ် မှီခိုအားကိုးမှု မြင့်တက်ခဲ့သည်။



