back

မြန်မာနိုင်ငံမှ အရည်အသွေးမြင့် Hass ထောပတ်သီးများကို စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သို့ အဓိကထား တင်ပို့မည်

Nov 12 • 6:32 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံမှ အရည်အသွေးမြင့် Hass ထောပတ်သီးများကို စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သို့ အဓိကထား တင်ပို့မည်

မြန်မာနိုင်ငံတွင် ယခုနှစ်တွင်ထွက်ရှိသည့် အရည်အသွေးမြင့် Hass ထောပတ်သီးများကို စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သို့ အဓိကထား တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ထော...

မြန်မာနိုင်ငံတွင် ယခုနှစ်တွင်ထွက်ရှိသည့် အရည်အသွေးမြင့် Hass ထောပတ်သီးများကို စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သို့ အဓိကထား တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ပြည်တွင်း၌ အများအားဖြင့် ကိုင်းဆက်စိုက်ပျိုးထားသည့် Hass ထောပတ်သီးများနှင့် Buccaneer ထောပတ်သီးများကို ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများက အဓိကထားစားသုံး ကြသဖြင့် နှစ်စဉ် အမြောက်အမြားတင်ပို့ရောင်းချရကြောင်း မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ သိရသည်။လက်ရှိတွင် မြန်မာ့ထောပတ်သီးများသည် ပြည်တွင်း၊ ပြည်ပဈေးကွက်၌ ဝယ်လိုအား ကောင်းလာ၍ ထောပတ်သီး စိုက်ပျိုး တောင်သူများအနေဖြင့် ဈေးကွက်လိုအပ်ချက်ရှိသော ထောပတ်မျိုးကို ဦးစားပေးစိုက်ပျိုးကြရန် အသင်းမှ တိုက်တွန်းထားပါသည်။

 

news-view-count-icon

30