မြန်မာထုတ်ကုန်တွေကို တစ်နေရာတည်းမှာ စုစည်းပြသတာ တွေ ပါဝင်မဲ့ She Made Myanmar မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်းက ဦးစီးပြီးတော့ စွန့်ဦး တီထွင်မှု ပွဲတော်ကို နိုဝင်ဘာ ၁၁ ရက်၊ မနက်ပိုင်းက မင်္ဂလာမန္တလေး ပရိုမိုးရှင်း ဧရိယာမှာ ကျင်းပခဲ့ပါတယ်။ပွဲတော်ကိုတာ့ နိုဝင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက် နှစ်ရက်တာ ကျင်းပမှာဖြစ်ပြီး မြန်မာ့ရိုးရာ လက်မှုထုတ်ကုန်တွေ၊ အဆင့်မြင့်ထုတ်ကုန်တွေ၊ အခြား ထုတ်ကုန်အမျိုးမျိုးတွေကို ပြသသွားမှာဖြစ်ပြီး အခြားအစီအစဉ်ကောင်း များစွာကိုလည်း ထည့်သွင်းသွားဖို့ ရှိတယ်လို့ ပြောပါသည်။



