back

ပြည်တွင်းတွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ လုပ်ကိုင်ခဲ့တဲ့ ပြည်ပနိုင်ငံသား ၁၃၃ ဦး သက်ဆိုင်ရာနိုင်ငံ တွေကိုလွှဲပြောင်း

Nov 12 • 4:32 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းတွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ လုပ်ကိုင်ခဲ့တဲ့ ပြည်ပနိုင်ငံသား ၁၃၃ ဦး သက်ဆိုင်ရာနိုင်ငံ တွေကိုလွှဲပြောင်း

မြန်မာပြည်တွင်းတွင် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နဲ့ ဒုစရိုက်မှုလုပ်ငန်း တွေ့မှာ ဆက်စပ်ပါဝင်ခဲ့ကြတဲ့ ပြည်ပနိုင်ငံသား ၁၃၃ ဦး ကို သက်ဆိုင်ရာနိုင်ငံတွေကို ...

မြန်မာပြည်တွင်းတွင် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နဲ့ ဒုစရိုက်မှုလုပ်ငန်း တွေ့မှာ ဆက်စပ်ပါဝင်ခဲ့ကြတဲ့ ပြည်ပနိုင်ငံသား ၁၃၃ ဦး ကို သက်ဆိုင်ရာနိုင်ငံတွေကို လွှပြောင်းပေးအပ်ခဲ့ပြီး ၊ ပြည်ပနိုင်ငံသား ၅၃ ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းခဲ့တယ်လို့သိရပါတယ်။ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နယ်မြေ တွေမှာ အွန်လိုင်းလောင်းကစားမှု ၊ အွန်လိုင်းလိမ်လည်မှု အပါအဝင် ဒုစရိုက်မှုတွေ ကျူးလွန်ခဲ့ကြတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၁၂၇ ဦး၊ ပါကစ္စတန်နိုင်ငံသား ငါးဦးနဲ့ကာဇက်စတန်နိုင်ငံသား တစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၃၃ ဦးကို နိုဝင်ဘာ ၁၁ ရက်က မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတား က တစ်ဆင့် သက်ဆိုင်ရာနိုင်ငံ တွေကို ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါသည်။ဆက်လက်ပြီး ကျန်ရှိတဲ့ ပြည်ပနိုင်ငံသား ၁,၂၇၉ ဦးကို သက်ဆိုင်ရာနိုင်ငံ တွေကို လွှဲပြောင်းပေးဖို့ အသင့်ဖြစ်နေပြီဖြစ်ပြီး ၊ ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ပြောပါသည်။

news-view-count-icon

22