အခုရက်ပိုင်းမှာ မြူထူများဆိုင်းဖို့ရှိတဲ့အတွက် ရေကြောင်း၊ကုန်းကြောင်း၊လေကြောင်းခရီးသွားလာခြင်းများသတိပြုရန် မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကသတိပေးထားပါတယ်။နိုဝင်ဘာ ၁၃ ရက်နံနက်ပိုင်းမှာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း(အရှေ့+အနောက်)၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာ နံနက် ၇ နာရီခန့်အထိ မြူဆိုင်းနိုင်ပါတယ်။ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ "မြူဆိုင်းသည့်ဧရိယာ" ပိုမိုကျယ်ပြန့်နိုင်တယ်လို့ဆိုပါတယ်။ ကုန်း/ရေ/လေ ခရီးသွားလာခြင်းများ နိုဝင်ဘာ ၁၂ ရက် ည ၁၀ နာရီခန့်မှ နိုဝင်ဘာ ၁၃ ရက် နံနက်အစောပိုင်း အချိန်များအထိ သတိပြုဖို့သတိပေးထားပါတယ်



