ထိုင်းအစိုးရပိုင် စွမ်းအင်ကုမ္ပဏီ PTTEP International Limited က စီမံကိန်းအသစ်ဖြစ်တဲ့ ကမ်းလွန်လုပ်ကွက် အောင်သိင်္ခစီမံကိန်းမှာ နောက်ဆုံးရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်ဆီ နီးကပ်လာပြီလို့ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကြောင်းအရာတွေ ဖော်ပြတင်ဆက်သူ Upstream Online က ဖော်ပြပါတယ်။အောင်သိင်္ခစီမံကိန်းကနေ ၂၀၂၈ ခုနှစ်မှာ ပထမဆုံး သဘာဝဓာတ်ငွေ့ စတင်ထုတ်လုပ်ယူနိုင်ဖို့ စွမ်းအင်ဝန်ကြီးဌာနဘက်က ကြိုးပမ်းဆောင်ရွက်နေပြီး စာချုပ်တွေ အမြန်ဆုံး ချုပ်ဆိုနိုင်ရေးအတွက် လိုအပ်တာတွေ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။လက်ရှိမှာ ထိုင်းစွမ်းအင်ကုမ္ပဏီက မုတ္တမကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့လုပ်ကွက်တွေဖြစ်တဲ့ M-5 နဲ့ M-6 မှာ တွင်းတူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်သွားဖို့ရှိကြောင်း ထုတ်ပြန်ကြေညာပါတယ်။


