ကရင်နီပြည်(ကယားပြည်နယ်)ဒီမောဆိုမြို့နယ်တွင် စပါးရိတ်သိမ်းကာလ မိုးအဆက်မပြတ်ရွာသွန်းနေသောကြောင့်တောင်သူများအခက်တွေ့နေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ကရင်နီပြည် ၊ဒီမောဆိုမြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းနေသောကြောင့် တောင်သူများ ရိတ်သိမ်းပြီးသော စပါးများနေလှန်းရန်အတွက် နှင့် ကျန်ရှိနေသောစပါးများရိတ်သိမ်းရန် အခက်အခဲဲဲဖြစ်နေသည်။" မိုးကနေ့တိုင်းရွာနေတာ၊ တစ်ပါတ်လောက်ဆက်ရွာအုန်းမယ်ပြောတယ်၊ ရိတ်ထားတဲ့စပါးတွေလှန်းမရဘူးကော၊ ပျက်သွားမှာလည်းစိုးရတယ်လေ၊ အသက်နဲ့ရင်းပြီးရိတ်ထားရတာ မိုးကဒီလိုဆိုတော့ စိတ်ညစ်တယ်၊ တချို့ဆိုရိတ်မပြီးသေးတာတွေရှိသေးတယ်'' ဟု ဒေသခံတစ်ဦးကပြောသည်။
Nov 12 • 2:34 AM
မြန်မာ
ကယား
မျှဝေမည်
| 29 | 0 | 0 | 0 |


