back

ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

Nov 12 • 2:31 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်မှာ နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီ ၁၈ မိနစ်ခန့်က မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။မီးလောင်ရာနေရ...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်မှာ နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီ ၁၈ မိနစ်ခန့်က မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။မီးလောင်ရာနေရာကို မူဆယ်ခရိုင်နှင့် မြို့နယ်မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ် (၂) စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက် ငြိမ်းသတ်ခဲ့ပြီး မီးငြှိမ်းသတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။မီးစတင်လောင်ကျွမ်းပြီး ၉ မိနစ်အကြာ၊ ညနေ ၆ နာရီ ၂၇ မိနစ်အချိန်မှာ မီးကို လုံးဝငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။


news-view-count-icon

33