ပေါ်တူဂီနာမည်ကျော်ဘောလုံးသမား ခရစ္စတီယာနိုရော်နယ်လ်ဒိုက တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်း ကစားသမားဘဝကနေ အနားယူမယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။၎င်းက ၂၀၂၆ ကမ္ဘာ့ဖလားဟာ သူ့အဖို့ နောက်ဆုံးမေဂျာပြိုင်ပွဲဖြစ်မယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ရော်နယ်လ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ၂၂၅ ပွဲ ကစားပြီး ၁၄၃ ဂိုး သွင်းယူထားပါတယ်။ဒါဟာ နိုင်ငံလက်ရွေးစင်အသင်း ဘောလုံးသမိုင်းမှာ ပွဲအများဆုံးနဲ့ ဂိုးအများဆုံး မှတ်တမ်းဝင်ထားတာပါ။၎င်းဟာ ကစားသမားဘဝမှာ ကလပ်နဲ့ နိုင်ငံအတွက် ၉၅၃ ဂိုး သွင်းထားပြီး ဂိုး ၁,၀၀၀ ပြည့်ဖို့ ရည်မှန်းထားပါတယ်။
Nov 12 • 2:30 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 41 | 0 | 0 | 0 |


