ဘူတန်နိုင်ငံ မြို့တော် ထင်ဖူးတွင် နိုဝင်ဘာ ၄ ရက်မှ ၁၉ ရက်အထိ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး ဆုတောင်းပွဲတော်ကို ကျင်းပလျက်ရှိရာ ရပ်နီးရပ်ဝေးမှ ဗုဒ္ဓဘာသာဝင်များ စုဝေးတက်ရောက်ကြသည်။ ဤပွဲတော်ကို ဘူတန်၏ ဝါဇရယာနကျောင်းနှင့် တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်း အပါအဝင် နိုင်ငံပေါင်းစုံမှ မဟာယာနနှင့် ထေရဝါဒကျောင်းများမှ ဆရာတော်များက ကြီးကြပ်ကွပ်ကဲနေသည်။ ယင်းပွဲတော်သည် လက်ရှိဘုရင်၏ဖခင်ဖြစ်သူ စတုတ္ထမြောက်ဘုရင်၏ ၇၀ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်လည်းဖြစ်သည်။ ဘူတန်ဘုန်းတော်ကြီး ဆရာတော် ခိုတန် ဒေါ့ဂျီက ဤပွဲတော်သို့ ကမ္ဘာလှည့်ခရီးသည် ၇,၀၀၀ မှ ၈,၀၀၀ ကြား လာရောက်မည်ဟု မျှော်လင့်ထားပြီး၊ ယင်းပွဲတော်၏ ရည်ရွယ်ချက်မှာ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် ပျော်ရွှင်မှုဖြစ်ကာ၊ မတူညီသော ဗုဒ္ဓဘာသာကျောင်းများမှ ဓမ္မဆရာများ စုပေါင်းဆုတောင်းခြင်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်သော စွမ်းအားများ ဖန်တီးပေးရန်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ 
ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် ပျော်ရွှင်မှုအတွက် ဘူတန်၌ ဗုဒ္ဓဘာသာဝင်များစုပေါင်း ဆုတောင်းပွဲတော် ကျင်းပ
Nov 12 • 1:37 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 24 | 0 | 0 | 0 |


