back

'နျူကလီးယားစမ်းသပ်မှု ပိတ်ပင်ရေးစာချုပ်' ရည်မှန်းချက်များကို ထိန်းသိမ်းမည်ဟု တရုတ်အတည်ပြု

Nov 12 • 1:37 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

'နျူကလီးယားစမ်းသပ်မှု ပိတ်ပင်ရေးစာချုပ်' ရည်မှန်းချက်များကို ထိန်းသိမ်းမည်ဟု တရုတ်အတည်ပြု

တရုတ်နိုင်ငံသည် 'နျူကလီးယားစမ်းသပ်မှု ဘက်စုံပိတ်ပင်ရေးစာချုပ်' (CTBT) ၏ ရည်မှန်းချက်နှင့် ပန်းတိုင်များကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်ကြောင်း အတည်ပြုပြောကြာ...

တရုတ်နိုင်ငံသည် 'နျူကလီးယားစမ်းသပ်မှု ဘက်စုံပိတ်ပင်ရေးစာချုပ်' (CTBT) ၏ ရည်မှန်းချက်နှင့် ပန်းတိုင်များကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်ကြောင်း အတည်ပြုပြောကြားလိုက်သည်။ နိုဝင်ဘာ ၁၀ ရက်က ဗီယင်နာမြို့တွင် ကျင်းပခဲ့သည့် စာချုပ်စည်းရုံးရေးကော်မရှင်၏ ၆၅ ကြိမ်မြောက် စုံညီအစည်းအဝေးတွင် ကုလသမဂ္ဂ ဗီယင်နာရုံးဆိုင်ရာ တရုတ်ကိုယ်စားလှယ် လီစွန်းက နိုင်ငံ၏ရပ်တည်ချက်ကို ရှင်းလင်းတင်ပြခဲ့ပြီး၊ အမေရိကန်နိုင်ငံအား စာချုပ်ပါ တာဝန်ဝတ္တရားများနှင့် 'နျူကလီးယားစမ်းသပ်မှု ယာယီရပ်ဆိုင်းခြင်း' ကတိကဝတ်ကို လိုက်နာဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ လီစွန်းက ရှုပ်ထွေးနေသော နိုင်ငံတကာလုံခြုံရေးအခြေအနေအတွက် တရုတ်သမ္မတ ရှီကျင့်ဖိန်၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ ကမ်းလှမ်းချက်များသည် ပဋိပက္ခ၏ အရင်းအမြစ်ကို ဖယ်ရှားရန်နှင့် ရေရှည်တည်ငြိမ်ရေး ဖော်ဆောင်ရန်အတွက် အထောက်အကူပြုကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

news-view-count-icon

12