back

ပူတင်သည် ယူကရိန်းနှင့်အတူ အီးယူနိုင်ငံတစ်နိုင်ငံသို့ပါ တပြိုင်နက် စစ်မျက်နှာသစ် ဖွင့်နိုင်ကြောင်း ဇီလန်းစကီး သတိပေး

Nov 12 • 1:30 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပူတင်သည် ယူကရိန်းနှင့်အတူ အီးယူနိုင်ငံတစ်နိုင်ငံသို့ပါ တပြိုင်နက် စစ်မျက်နှာသစ် ဖွင့်နိုင်ကြောင်း ဇီလန်းစကီး သတိပေး

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက ရုရှားသမ္မတ ပူတင်သည် ယူကရိန်းကို ထိုးစစ်ဆင်နေရင်းမှပင် ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံတစ်နိုင်ငံအား တစ်ပြိုင်နက်တည်း စစ်မျက်နှာန...

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလ

န်းစကီးက ရုရှားသမ္မတ ပူတင်သည် ယူကရိန်းကို ထိုးစစ်ဆင်နေရင်းမှပင် ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံတစ်နိုင်ငံအား တစ်ပြိုင်နက်တည်း စစ်မျက်နှာနှစ်ခုဖွင့် တိုက်ခိုက်လာနိုင်သည်ဟု ဂါးဒီးယန်းသတင်းဌာနနှင့် အင်တာဗျူးတွင် သတိပေးပြောဆိုခဲ့သည်။ ဇီလန်းစကီးက ရုရှားသည် အီးယူ၏ စည်းလုံးညီညွတ်မှုကို ပြိုကွဲစေရန် ဦးတည်နေပြီး အမေရိကန်ကို အားကိုးနေရသည့် အနောက်ဥရောပနိုင်ငံများအပေါ် ရန်လိုနေကြောင်း ပြောကြားသည်။ လက်ရှိ ဥရောပနိုင်ငံများပေါ် ဒရုန်းများ ပျံသန်းခြိမ်းခြောက်နေခြင်းသည်လည်း ပူတင်၏ လက်ချက်သာဖြစ်ကြောင်း စွပ်စွဲခဲ့ပြီး၊ အကယ်၍ စစ်မျက်နှာနှစ်ခု ဖွင့်ခဲ့ပါက ရုရှားအနေဖြင့် စစ်ရေးအသာရမှု ဆုတ်ယုတ်ကျဆင်းသွားမည်ဟုလည်း ဇီလန်းစကီးက သုံးသပ်ပြောဆိုခဲ့သည်။

news-view-count-icon

20