back

ဒဏ်ရာကြောင့် ချဲလ်ဆီးကွင်းလယ်လူ လာဗီယာ တစ်လခန့် အနားယူရမည်

Nov 12 • 1:29 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဒဏ်ရာကြောင့် ချဲလ်ဆီးကွင်းလယ်လူ လာဗီယာ တစ်လခန့် အနားယူရမည်

ချဲလ်ဆီးအသင်း၏ ကွင်းလယ်ကစားသမား အသက် ၂၁ နှစ်အရွယ် လာဗီယာသည် ပေါင်ကြွက်သားဒဏ်ရာကြောင့် အနည်းဆုံး တစ်လခန့်အထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။ လာဗီယာသည် ပြီးခဲ့သည့်တ...

ချဲလ်ဆီးအသင်း၏ ကွင်းလယ်ကစားသမား အသက် ၂၁ နှစ်အရွယ် လာဗီယာသည် ပေါင်ကြွက်သားဒဏ်ရာကြောင့် အနည်းဆုံး တစ်လခန့်အထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။ လာဗီယာသည် ပြီးခဲ့သည့်တစ်ပတ် ကွာရာဘတ်အသင်းနှင့် ၂ ဂိုးစီသရေကျခဲ့သောပွဲ၏ ပွဲချိန်အစောပိုင်းတွင် ဒဏ်ရာရရှိခဲ့ပြီး လူစားလဲခဲ့ရခြင်း ဖြစ်သည်။ ၎င်းသည် ဆောက်သမ်တန်အသင်းမှ ပေါင် ၅၃ သန်းဖြင့် ရောက်ရှိလာခဲ့သော်လည်း ရာသီ ၂ ခုခွဲကာလအတွင်း ဒဏ်ရာပြဿနာများကြောင့် ချဲလ်ဆီးအတွက် ၂၉ ပွဲသာ ကစားပေးနိုင်ခဲ့ပြီး၊ ၈၈ ပွဲအထိ လွဲချော်ခဲ့ကာ၊ ယခုဒဏ်ရာကြောင့် ဘန်လေ၊ ဘာစီလိုနာ၊ အာဆင်နယ် အပါအဝင် အရေးပါသောပွဲစဉ်များကို လွဲချော်မည်ဖြစ်သည်။

news-view-count-icon

28