back

မန္တလေးမြို့တွင် မြို့မတေးသီချင်းများ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် အခမဲ့ဖြန့်ဝေမည်

Nov 12 • 1:19 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမြို့တွင် မြို့မတေးသီချင်းများ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် အခမဲ့ဖြန့်ဝေမည်

မန္တလေးမြို့မအပျော်တမ်းတူရိယာအသင်းသည် ၁၉၂၅ ခုနှစ်တွင် အလင်္ကာကျော်စွာ မြို့မငြိမ်း ဦးဆောင်တည်ထောင်ခဲ့သည့် အသင်းဖြစ်ပြီး၊ ၂၀၂၅ ခုနှစ်တွင် ကျရောက်မည့် နှစ် (၁၀၀) ...

မန္တလေးမြို့မအပျော်တမ်းတူရိယာအသင်းသည် ၁၉၂၅ ခုနှစ်တွင် အလင်္ကာကျော်စွာ မြို့မငြိမ်း ဦးဆောင်တည်ထောင်ခဲ့သည့် အသင်းဖြစ်ပြီး၊ ၂၀၂၅ ခုနှစ်တွင် ကျရောက်မည့် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယင်းနှစ်နှောင်းပိုင်း၌ ကျင်းပသွားမည်ဖြစ်သည်။ ထိုအထိမ်းအမှတ်အနေဖြင့် အသင်းဥက္ကဋ္ဌ ဒေါက်တာလှခိုင်၏ ပြောကြားချက်အရ၊ နိုင်ငံကျော်အနုပညာရှင်များနှင့် ပူးပေါင်းထားသည့် မြို့မအမှတ်တရတေးသီချင်းများကို အခမဲ့ ထုတ်ဝေဖြန့်ဝေသွားမည်ဖြစ်သည်။ နိုဝင်ဘာလ ၁၁ ရက်နေ့က ကျင်းပသော လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မဂ္ဂဇင်းထုတ်ဝေခြင်းနှင့် မြို့မတေးသီချင်းများအဆိုပြိုင်ပွဲများအပါအဝင် အထိမ်းအမှတ်လုပ်ငန်းများကို ဆောင်ရွက်နေပြီး၊ မဂ္ဂဇင်းနှင့် အမှတ်တရတေးသီချင်းများကို နိုဝင်ဘာလလယ်တွင် ထုတ်ဝေနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

news-view-count-icon

48