back

မြန်မာ့ဒူးရင်းသီးများကို ပြည်ပဈေးကွက်ရရှိနိုင်ရေး ဆောင်ရွက်မည်

Nov 12 • 1:16 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာ့ဒူးရင်းသီးများကို ပြည်ပဈေးကွက်ရရှိနိုင်ရေး ဆောင်ရွက်မည်

မြန်မာနိုင်ငံမှထွက်ရှိသော ဒူးရင်းသီးများကို ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးတင်ပို့ ရောင်းခ...

မြန်မာနိုင်ငံမှထွက်ရှိသော ဒူးရင်းသီးများကို ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးတင်ပို့ ရောင်းချသူများအသင်းမှ ဦးဆောင်ဆောင်ရွက်လျက်ရှိသည်။ ကနဦးအနေဖြင့် တရုတ်နိုင်ငံဈေးကွက်ကို ဦးတည်ကာ အမေရိကန်ဒေါ်လာ တစ်ဘီလျံခန့် တန်ဖိုးရှိ ဒူးရင်းသီးများ တင်ပို့ရောင်းချနိုင်ရန် ရည်မှန်းထားသည်။ ပြည်ပတင်ပို့မှုများ ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုးတင်ပို့ ရောင်းချသူများအသင်းကို နိုင်ငံအဆင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ လက်ရှိတွင် ဒူးရင်းသီးများကို ပြည်တွင်းဈေးကွက်၌သာ အဓိကရောင်းချနေရသော်လည်း ၂၀၂၇ ခုနှစ်တွင် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်သည်အထိ ဈေးကွက်ဖော်ဆောင်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

news-view-count-icon

21