သုံးနှစ်ကျော်ကြာ တရားရင်ဆိုင်မှုများအပြီးတွင် တရုတ်လောင်းကစားဂိုဏ်းချုပ်တစ်ဦးကို တရားခံလွှဲပြောင်းပေးရေးအမိန့်ကို ထိုင်းအယူခံတရားရုံးက ဆက်လက်အတည်ပြုမိန့်ချခဲ့ကြောင်း ထိုင်းအစိုးရရှေ့နေက တနင်္လာနေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများ ဆောင်ရွက်နေသည်ဟူသော စွပ်စွဲချက်ဖြင့် ပေကျင်း၏ တောင်းဆိုချက်အရ အင်တာပိုလ်က အနီရောင်သတိပေးချက်နှင့် နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ခံထားရသော ကမ္ဘောဒီးယားပတ်စ်ပို့လည်း ကိုင်ဆောင်ထားသည့် အသက် ၄၃ နှစ်အရွယ် တရုတ်နိုင်ငံသား ရှီကျီကျန်းကို ၂၀၂၂ ခုနှစ်တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။



