ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ဆီဆာကတ်ပြည်နယ်မှာ ထိုင်းစစ်သားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီးနောက် ငြိမ်းချမ်းရေးသဘောတူညီချက်တွေကို ဆိုင်းငံ့ထားတယ်လို့ ထိုင်းဝန်ကြီးချုပ်က ကြေညာလိုက်ပါတယ်။နိုဝင်ဘာ ၁၀ ရက်နေ့ မနက် ၉ နာရီခန့်မှာ ကမ္ဘောဒီးယားနယ်စပ်မှာကင်းလှည့်နေတဲ့ ထိုင်းစစ်သားတွေ မြေမြှုပ်မိုင်းနင်းမိပြီး တဦးကညာခြေပြတ်ပြီး၊ နောက်တစ်ဦးက ဒဏ်ရာတွေရရှိခဲ့ပါတယ်။ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာတော့ အဆိုပါ မြေမြှုပ်မိုင်းတွေဟာ ကမ္ဘောဒီးယားဘက်ကနေ အသစ်မြှုပ်နှံထားတဲ့မိုင်းတွေလို့ ထိုင်းစစ်တပ်က အတည်ပြုကြေညာခဲ့ပါတယ်။အဆိုပါဖြစ်ရပ်ကြောင့်ပဲ ထိုင်းဘက်ကနေ ကမ္ဘောဒီးယားအလုပ်သမား တစ်သိန်းရဲ့ ဗီဇာသက်တမ်းတိုးမယ့်ကိစ္စကို ဆိုင်းငံ့ထားခဲ့ပါတယ်။ကမ္ဘောဒီးယားဘက်ကတော့ အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်ဆိုပြီး တပ်ဖွဲ့တွေကို အသင့်ပြင်ထားပါတယ်။
Nov 11 • 6:57 AM
ကမ္ဘောဒီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 6 | 0 | 0 | 0 |


