back

မကွေးမြို့တွင် ကျွန်းစားတော်ပဲ ရှားပါးပြီး စံချိန်တင် ဈေးနှုန်းမြင့်တက်

Nov 11 • 6:54 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးမြို့တွင် ကျွန်းစားတော်ပဲ ရှားပါးပြီး စံချိန်တင် ဈေးနှုန်းမြင့်တက်

မကွေးမြို့၏ ကုန်စည်ဒိုင်၌ ကျွန်းစားတော်ပဲ ရှားပါးလာခြင်းကြောင့် ဈေးနှုန်းများ စံချိန်တင်မြင့်တက်လာရာ၊ ယခင်နှစ်များက အမြင့်ဆုံး ကျပ် ၂ သိန်းခွဲသာရှိခဲ့သည့် တစ်တင...

မကွေးမြို့၏ ကုန်စည်ဒိုင်၌ ကျွန်းစားတော်ပဲ ရှားပါးလာခြင်းကြောင့် ဈေးနှုန်းများ စံချိန်တင်မြင့်တက်လာရာ၊ ယခင်နှစ်များက အမြင့်ဆုံး ကျပ် ၂ သိန်းခွဲသာရှိခဲ့သည့် တစ်တင်းဈေးသည် လက်ရှိတွင် ကျပ် ၃ သိန်းဝန်းကျင်အထိ မြင့်တက်လာကြောင်း သိရသည်။ ဈေးတက်ရခြင်းမှာ ပစ္စည်းရှားပါးခြင်းနှင့် အရင်က ဝင်ရောက်မှုရှိခဲ့သော တရုတ်စားတော်ပဲနှင့် ကနေဒါစားတော်ပဲများ ဝင်ရောက်မှု နည်းပါးခြင်းကြောင့်ဖြစ်ကြောင်း မကွေးကုန်စည်ဒိုင် ဒုဥက္ကဋ္ဌက ပြောကြားသည်။ ကျွန်းစားတော်ပဲသည် အရသာကောင်းမွန်၍ ပြည်တွင်းစားသုံးမှု များပြားပြီး၊ မကွေးတိုင်း၊ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ မင်းဘူး၊ စလင်းဒေသများတွင် အဓိကစိုက်ပျိုးသည်။ လာမည့် ဇန်နဝါရီလကုန်တွင် ပဲအသစ်ပေါ်ပါက ဈေးနှုန်းများ ပြန်လည်ကျဆင်းနိုင်မည်ဟု ကုန်သည်များက ခန့်မှန်းထားသည်။

news-view-count-icon

16