back

မြောက်ကိုရီးယားဘက်သို့ မောင်းသူမဲ့လေယာဉ်များ စေလွှတ်မှုဖြင့် တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆွတ်ယိုး ထပ်မံတရားစွဲခံရ

Nov 11 • 6:53 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

မြောက်ကိုရီးယားဘက်သို့ မောင်းသူမဲ့လေယာဉ်များ စေလွှတ်မှုဖြင့် တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆွတ်ယိုး ထပ်မံတရားစွဲခံရ

တောင်ကိုရီးယားနိုင်ငံ၏ သမ္မတဟောင်း ယွန်းဆွတ်ယိုးကို အစိုးရရှေ့နေများက နိုဝင်ဘာ ၁၀ ရက်တွင် ရာဇဝတ်စွဲချက်အသစ်များဖြင့် ထပ်မံတရားစွဲဆိုခဲ့ကြောင်း သိရသည်။ ယင်းစွဲချ...

တောင်ကိုရီးယားနိုင်ငံ၏ သမ္မတဟောင်း ယွန်းဆွတ်ယိုးကို အစိုးရရှေ့နေများက နိုဝင်ဘာ ၁၀ ရက်တွင် ရာဇဝတ်စွဲချက်အသစ်များဖြင့် ထပ်မံတရားစွဲဆိုခဲ့ကြောင်း သိရသည်။ ယင်းစွဲချက်အသစ်မှာ တင်းမာမှုများ ပေါ်ပေါက်လာစေရန်အတွက် မြောက်ကိုရီးယားနိုင်ငံဘက်သို့ မောင်းသူမဲ့လေယာဉ်များ ရည်ရွယ်ချက်ရှိရှိ စေလွှတ်မှုဖြင့် စွပ်စွဲခြင်းဖြစ်သည်။ သမ္မတဟောင်း ယွန်းဆွတ်ယိုးသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာပြဋ္ဌာန်းခဲ့ရာမှ ရာထူးမှ ဖယ်ရှားခံခဲ့ရပြီးနောက်ပိုင်းတွင် အစိုးရပုန်ကန်ဖြုတ်ချရန် ကြိုးပမ်းမှုအပါအဝင် ရာဇဝတ်မှုမြောက်သော စွဲချက်အမျိုးမျိုးဖြင့် ဖမ်းဆီးခံထားရသည်။ လက်ရှိသမ္မတ လီဂျေးမြောင်ကလည်း ယွန်းဆွတ်ယိုး၏ စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာမှုနှင့်ပတ်သက်၍ လွတ်လပ်သည့်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုထားပြီးဖြစ်သည်။

news-view-count-icon

15