back

အီကွေဒေါနိုင်ငံ၊ မာရာလာမြို့ရှိ အကျဉ်းထောင်၌ အဓိကရုဏ်းအတွင်း အကျဉ်းသား ၃၁ ဦး သေဆုံး

Nov 11 • 6:47 AM

breaking-news

မြန်မာ

ပြည်ပ

cover

အီကွေဒေါနိုင်ငံ၊ မာရာလာမြို့ရှိ အကျဉ်းထောင်၌ အဓိကရုဏ်းအတွင်း အကျဉ်းသား ၃၁ ဦး သေဆုံး

အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်းရှိ ဆိပ်ကမ်းမြို့ မာရာလာ၌ တည်ရှိသော အကျဉ်းထောင်တစ်ခုတွင် နိုဝင်ဘာ ၉ ရက်နေ့က တစ်နေကုန်နီးပါး ကြာမြင့်ခဲ့သည့် ထောင်တွင်း အဓိကရုဏ်...

အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်းရှိ ဆိပ်ကမ်းမြို့ မာရာလာ၌ တည်ရှိသော အကျဉ်းထောင်တစ်ခုတွင် နိုဝင်ဘာ ၉ ရက်နေ့က တစ်နေကုန်နီးပါး ကြာမြင့်ခဲ့သည့် ထောင်တွင်း အဓိကရုဏ်းတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး အကျဉ်းသား ၃၁ ဦး သေဆုံးခဲ့ကြောင်း အီကွေဒေါအစိုးရ တာဝန်ရှိသူများက ပြောကြားသည်။ အဓိကရုဏ်းဖြစ်ပွားရခြင်းမှာ အကျဉ်းသားများ ပြန်လည်နေရာချထားမှု ကိစ္စကို အကြောင်းပြု၍ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါအကျဉ်းထောင်၌ပင် ယခုနှစ် စက်တင်ဘာလကလည်း အုပ်စုနှစ်စုအကြား ရန်ပွဲဖြစ်ပွားခဲ့ရာ အကျဉ်းသား ၁၄ ဦး သေဆုံးခဲ့ဖူးသည်။ ပြီးခဲ့သည့်နှစ်များအတွင်း အီကွေဒေါအကျဉ်းထောင်များတွင် အဓိကရုဏ်းများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူရာဂဏန်းနှင့်ချီ ရှိခဲ့သည်။

news-view-count-icon

22