ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၏ ပြောကြားချက်အရ ယခုနှစ် ဒီဇင်ဘာလဆန်းမှ စတင်၍ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို အသက် ၉ နှစ်မှ ၁၁ နှစ်အတွင်းရှိ ကျောင်းပြင်ပ မိန်းကလေးငယ်များအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ၂၀၂၆ ခုနှစ်တွင် အသက်အပိုင်းအခြားကို ၉ နှစ်မှ ၁၈ နှစ်အထိ တိုးမြှင့်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းကြောင့် သားအိမ်ခေါင်းကင်ဆာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်းကို ၈၃ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလမှစ၍ အသက် ၉ နှစ်မှ ၁၁ နှစ်အရွယ် ကျောင်းပြင်ပ မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်း အရှိန်မြှင့်မည်
Nov 11 • 6:46 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 37 | 0 | 0 | 0 |


