back

KK Park မှ အွန်လိုင်းလိမ်လည်မှု ကျူးလွန်သူ နိုင်ငံခြားသား ၉,၄၀၃ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့

Nov 11 • 6:39 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

KK Park မှ အွန်လိုင်းလိမ်လည်မှု ကျူးလွန်သူ နိုင်ငံခြားသား ၉,၄၀၃ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်ရှိ KK Park အတွင်း တရားမဝင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများတွင် နိုင်ငံပေါင်း (၂၀) မှ လူပေါင်းသောင်းနှင့်ချီ၍ ထိုင်းနိုင်ငံမှ...

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်ရှိ KK Park အတွင်း တရားမဝင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများတွင် နိုင်ငံပေါင်း (၂၀) မှ လူပေါင်းသောင်းနှင့်ချီ၍ ထိုင်းနိုင်ငံမှတစ်ဆင့် တရားမဝင် ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။ သက်ဆိုင်ရာက ဝင်ရောက်ထိန်းသိမ်းပြီးနောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ စုစုပေါင်း ပြည်ပနိုင်ငံသား (၁၀,၇၆၂) ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည်။ လက်ရှိအချိန်အထိ (၉,၄၀၃) ဦးကို ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပြီး၊ ကျန်ရှိသော (၁,၃၅၉) ဦးကိုလည်း လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

news-view-count-icon

36