back

တရုတ်နိုင်ငံသည် စိမ်းလန်း၍ ကာဗွန်နည်းသော စွမ်းအင်ကူးပြောင်းရေးတွင် သိသာထင်ရှားသော တိုးတက်မှုများ ပြုလုပ်နိုင်ခဲ့

Nov 11 • 6:37 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံသည် စိမ်းလန်း၍ ကာဗွန်နည်းသော စွမ်းအင်ကူးပြောင်းရေးတွင် သိသာထင်ရှားသော တိုးတက်မှုများ ပြုလုပ်နိုင်ခဲ့

နိုဝင်ဘာ8ရက်စနေနေ့က ထုတ်ပြန်ခဲ့သော စာတမ်းတစ်စောင်အရ တရုတ်နိုင်ငံသည် စိမ်းလန်း၍ ကာဗွန်နည်းသော စွမ်းအင်ကူးပြောင်းရေးတွင် သိသာထင်ရှားသော တိုးတက်မှုများ ပြုလုပ်နိုင...

နိုဝင်ဘာ8ရက်စနေနေ့က ထုတ်ပြန်ခဲ့သော စာတမ်းတစ်စောင်အရ တရုတ်နိုင်ငံသည် စိမ်းလန်း၍ ကာဗွန်နည်းသော စွမ်းအင်ကူးပြောင်းရေးတွင် သိသာထင်ရှားသော တိုးတက်မှုများ ပြုလုပ်နိုင်ခဲ့ပြီး ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော အတိုင်းအတာနှင့် အမြန်ဆုံးနှုန်းဖြင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုကို အောင်မြင်ခဲ့ကြောင်း သိရသည်။ လေအားနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းသည် ဩဂုတ်လကုန်အထိ ၁,၆၉၀ ဂီဂါဝပ်(GW) ကျော်လွန်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၏ သုံးဆဖြစ်ကာ၊ ပုံမှန်တပ်ဆင်ထားသည့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်စွမ်းသည် ၃၈၀ ဂီဂါဝပ်ခန့် ရှိပြီး၊ စုပ်ထုတ်-သိုလှောင် ရေအားလျှပ်စစ်စခန်းများ၏ ထုတ်လုပ်နိုင်စွမ်းမှာ ၆၂.၃၇ ဂီဂါဝပ်ခန့် ရှိသည်။

တရုတ်နိုင်ငံတွင် ဩဂုတ်လကုန်အထိ နျူကလီးယားစွမ်းအင်ယူနစ် ၁၁၂ ခုသည် လည်ပတ်နေ၊ ဆောက်လုပ်ဆဲ သို့မဟုတ် ဆောက်လုပ်ရန် ခွင့်ပြုထားပြီးဖြစ်ကာ၊ စုစုပေါင်း ထုတ်လုပ်နိုင်စွမ်းမှာ ၁၂၅ ဂီဂါဝပ်ဖြင့် ကမ္ဘာတွင် ပထမနေရာတွင် ရပ်တည်သည်။ တစ်ချိန်တည်းမှာပင် ဇီဝဒြပ်ထု စွမ်းအင်ထုတ်လုပ်နိုင်စွမ်း (biomass power generation) မှာ ၄၆.၈၈ ဂီဂါဝပ်သို့ ရောက်ရှိခဲ့သည်။ကျောက်ဖြစ်ရုပ်ကြွင်းမှမဟုတ်သော စွမ်းအင်သုံးစွဲမှု ရာခိုင်နှုန်းသည် ၂၀၂၀ ပြည့်နှစ်တွင် ၁၆.၀% မှ ၂၀၂၄ ခုနှစ်တွင် ၁၉.၈% သို့ တိုးလာခဲ့သည်။၂၀၂၄ ခုနှစ်ကုန်တွင် တရုတ်နိုင်ငံသည် စိမ်းလန်းသော ဟိုက်ဒရိုဂျင်စွမ်းအင်(green hydrogen energy) ၏ နှစ်စဉ်ထုတ်လုပ်မှု စွမ်းရည်တွင် တန်ချိန် ၁၅၀,၀၀၀ ကျော်ဖြင့် ကမ္ဘာ့ဦးဆောင်နေရာ၌ ရှိနေသည်။



news-view-count-icon

13