ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက်(၉)၊ နယ်မြေ(၂)၊ ဆင်တောင်လမ်းတွင် ယနေ့ ၁၁.၁၁.၂၀၂၅ ရက်နေ့၊ ၀၉နာရီ ၅၅မိနစ် အချိန်ခန့်တွင် ကုန်စုံဆိုင်မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ ထို့ကြောင့် လားရှိုးခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ လားရှိုးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၀နာရီ ၂၀ မိနစ်အချိန် မီးငြိမ်းပါသည်။
Nov 11 • 6:00 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 26 | 0 | 0 | 0 |


