back

ရန်ကုန်အိမ်ငှားစျေးကွက်တွင် အငှားသွက်နေသဖြင့် ငှားရမ်းခများမြင့်တက်နေ

Nov 11 • 5:59 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်အိမ်ငှားစျေးကွက်တွင် အငှားသွက်နေသဖြင့် ငှားရမ်းခများမြင့်တက်နေ

ရန်ကုန်မြို့ရှိ အိမ်ငှားစျေးကွက်တွင် လက်ရှိတွင်ငှားရမ်းလိုသူအများအပြားဖြင့် စျေးကွက်သွက်လက်နေသော အခြေအနေမျိုးဖြစ်ပြီး ငှားရမ်းခများလည်း ဆက်လက်မြင့်တက်နေကြောင်း ...

ရန်ကုန်မြို့ရှိ အိမ်ငှားစျေးကွက်တွင် လက်ရှိတွင်ငှားရမ်းလိုသူအများအပြားဖြင့် စျေးကွက်သွက်လက်နေသော အခြေအနေမျိုးဖြစ်ပြီး ငှားရမ်းခများလည်း ဆက်လက်မြင့်တက်နေကြောင်း အိမ်ခြံမြေဝန်ဆောင်မှုလုပ်ကိုင်သူများထံမှ သိရသည်။လွန်ခဲ့သော ဝါတွင်းကာလကတည်းက ငှားရမ်းသူများအများအပြားရှိသလို ယခုအခါပွင့်လင်းရာသီကာလသို့ ရောက်ရှိလာသလို ငှားရမ်းသူများ ပိုမိုများလာကြခြင်းဖြစ်သည်။ ငှားရမ်းသူအများစုမှာ နယ်မြို့များမှဖြစ် ကြပြီး ရန်ကုန်သို့ ယာယီရွှေ့ပြောင်းနေထိုင်ကာအခြေချလုပ်ကိုင်ရန် ရောက်ရှိလာကြခြင်းလည်းဖြစ်သည်။တိုက်ခန်းတည်ရှိရာမြို့နယ်၊ အထပ်အနေအထား စသည်တို့အပေါ်မူတည်၍ လွန်ခဲ့သော ဝါမဝင်မီကာလ ဇွန်လအတွင်းက အနိမ့်ဆုံးကျပ် ၁၅၀,၀၀၀ ဝန်းကျင် ငှားရမ်းခရှိနေသော ကန်ထရိုက်တိုက်ခန်းမှာ လက်ရှိတွင် ကျပ် ၂၂၀,၀၀၀ ဝန်းကျင်အထိ ဖြစ်လာကာ အနည်းဆုံး ကျပ် ၅၀,၀၀၀ မှ ၇၀,၀၀၀ ကြား ငှားရမ်းခ မြင့်တက်သွားတာ ဖြစ်ပါသည်။

news-view-count-icon

30