back

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဝန်ကြီးများ ကြည့်ရှုအားပေး‌ခဲ့

Nov 11 • 4:40 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဝန်ကြီးများ ကြည့်ရှုအားပေး‌ခဲ့

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္...

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌတို့သည် ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေး အဖွဲ့ဝင်နှင့်အတူ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ဘုရားကျောင်းကျေးရွာတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့်ဆောင်ရွက်လျက်ရှိသည့် ငါးမွေးမြူခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ အေးခဲခြင်းနှင့် ဆက်စပ်သောလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် Global Earth Agro & Aqua Industry Public Company Limited(GEAA)၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးသည်။ ငါးမွေးမြူထုတ်လုပ်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့မည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မြေယာများအား ထိထိရောက်ရောက်အသုံးပြု၍ ထုတ်လုပ်မှုတိုးမြှင့်နိုင်ရေးတို့ကို ပြောကြားခဲ့သည်။

news-view-count-icon

39