back

ဖလာမင်ဂိုနဲ့ပွဲမှာ ဝ-၃ ဂိုးနဲ့ ရှုံးနေချိန် လူစားလဲခံရလို့ နေမာ ဒေါသထွက်

Nov 11 • 4:39 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဖလာမင်ဂိုနဲ့ပွဲမှာ ဝ-၃ ဂိုးနဲ့ ရှုံးနေချိန် လူစားလဲခံရလို့ နေမာ ဒေါသထွက်

ဆန်းတို့စ်တိုက်စစ်ကစားသမား နေမာဟာ ဖလာမင်ဂိုနဲ့ပွဲမှာ ဝ-၃ ဂိုးနဲ့ ရှုံးနေချိန် လူစားလဲခံရလို့ ဒေါသထွက်ခဲ့ပါတယ်။၎င်းဟာ တနင်္ဂနွေနေ့ကစားတဲ့ အခုပွဲမှာ ပွဲထွက်ကစားခဲ...

ဆန်းတို့စ်တိုက်စစ်ကစားသမား နေမာဟာ ဖလာမင်ဂိုနဲ့ပွဲမှာ ဝ-၃ ဂိုးနဲ့ ရှုံးနေချိန် လူစားလဲခံရလို့ ဒေါသထွက်ခဲ့ပါတယ်။၎င်းဟာ တနင်္ဂနွေနေ့ကစားတဲ့ အခုပွဲမှာ ပွဲထွက်ကစားခဲ့ပြီး ၈၅ မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။နေမာအနေနဲ့ ကွင်းထဲကထွက်လာချိန် နည်းပြ ဗော်ဗိုဒါရဲ့လူစားလဲမှုကိုမေးခွန်းထုတ်ခဲ့ပြီး အရန်ခုံမှာထိုင်ဖို့ ငြင်းဆန်ကာ အဝတ်အစားလဲခန်းထဲ တန်းဝင်သွားခဲ့ပါတယ်။ဆန်းတို့စ်အသင်းဟာ နေမာ ထွက်သွားပြီးမှ နောက်ကျဂိုးနှစ်ဂိုး ပြန်သွင်းခဲ့ပေမဲ့ ၂-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။ဆန်းတို့စ်အနေနဲ့ ဘရာဇီးလ်စီးရီးအေပြိုင်ပွဲမှာ အဆင့် ၁၇ နေရာ ရောက်နေပြီး တန်းဆင်းဇုန်ထဲရှိနေပါတယ်။

news-view-count-icon

28