back

လျှပ်စစ်ဓာတ်အားပေး LNG သင်္ဘောကြီးဟာပြည်တွင်းရှိ သီလဝါဆိပ်ကမ်း သန်လျင်မှာရောက်ရှိနေ

Nov 11 • 2:54 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

လျှပ်စစ်ဓာတ်အားပေး LNG သင်္ဘောကြီးဟာပြည်တွင်းရှိ သီလဝါဆိပ်ကမ်း သန်လျင်မှာရောက်ရှိနေ

သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas -LNG) ကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနိုင်တဲ့ သင်္ဘောကြီး ရန်ကုန်၊ သီလဝါဆိပ်ကမ်းကို ရောက်ရှိနေပြီဖြစ်ပြီး သီလဝါ (သန်လျင်...

သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas -LNG) ကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနိုင်တဲ့ သင်္ဘောကြီး ရန်ကုန်၊ သီလဝါဆိပ်ကမ်းကို ရောက်ရှိနေပြီဖြစ်ပြီး သီလဝါ (သန်လျင်) က ဓာတ်အားပေး စက်ရုံမှာ စမ်းသပ် လည်ပတ်နေပြီ ဖြစ်တယ်လို့ စက်မှုဇုန်လုပ်ငန်း အသိုင်းအဝိုင်းက သိရပါတယ်။သာကေတ ဓာတ်အားပေးစက်ရုံက စက်လေးလုံး ထပ်မံ လည်ပတ်နိုင်ပြီ ဆိုပါက ရန်ကုန်တိုင်းမှာရှိတဲ့ စက်မှုဇုန် ၂၉ ဇုန်ကို ပေးနေတဲ့ လျှပ်စစ်မီးက လိုအပ်မှု မရှိနိုင်တော့တဲ့အတွက် ဝန်အား လျှော့ချနိုင်တော့မှာ ဖြစ်ပါတယ်။လက်ရှိမှာ LNG ဓာတ်ငွေ့ကနေ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ဖို့ စီစဥ်နေတာနဲ့ ပတ်သက်လို့ တယူနစ်အတွက် ကုန်ကျစရိတ် မည်မျှ ရှိမယ်ဆိုတာကတော့ စမ်းသပ် လည်ပတ်နေဆဲကာလ ဖြစ်တာကြောင့် ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။LNG ကနေ မီးပေးမယ့် စနစ်ကတော့ ပထမအဆင့်အနေနဲ့ ရန်ကုန်တိုင်း တတိုင်းလုံးက စက်မှုဇုန်တွေအတွက် ရည်ရွယ်တာဖြစ်ပြီး ဒုတိယအဆင့် ဆက်လက် ဆောင်ရွက်မယ့် အခြေအနေကိုတော့ အသေးစိတ် ညှိနှိုင်းမှု မပြုလုပ်ရသေးတဲ့အတွက် မသိရှိရသေးဘူးလို့ သူက ပြောပါတယ်။

ကနဦးရရှိထားတဲ့ သတင်းတွေအရ သဘာဝဓာတ်ငွေ့တင် သင်္ဘောကြီးကနေ မဂ္ဂါဝပ် ၇၀ဝ ခန့်ကို ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နဲ့ သန်လျင်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေနဲ့ ချိတ်ဆက်ကာ ဖြန့်ဖြူးပေးဖို့ စီစဉ်ထားတာဖြစ်ပြီး မဂ္ဂါဝပ် ၂၀ဝ ကို စတင် ဓာတ်အား ဖြန့်ဖြူးပေးမှာ ဖြစ်ပါတယ်။စက်ရုံတွေအတွက် ဓာတ်အား ဖြန့်ဖြူးပေးမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ တယူနစ်အတွက် ကုန်ကျစရိတ်ကို ၉၀၀ ကျပ်အဖြစ် ကနဦး အကြမ်းဖျင်း လျာထားပြီး အသေးစိတ်ကိုတော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းက တွက်ချက်နေကြဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။ဟောင်ကောင် VPower Group ပိုင် ဓာတ်ငွေ့တင် သင်္ဘောကြီးဟာ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas - LNG) နဲ့ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနိုင်ဖို့အတွက် လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်းက သီလဝါဆိပ်ကမ်းရှိ ယာယီ‌ဆိပ်ခံတံတားမှာ ပထမဆုံးအကြိမ်အဖြစ် စတင် ဆိုက်ကပ်ခဲ့တာ ဖြစ်ပါတယ်။

အလျား ၁၇၆ ဒသမ ၈ မီတာရှိတဲ့ အဲဒီ LNG သင်္ဘောကြီးဟာ သာကေတမြို့နယ်ရှိ မဂ္ဂါဝပ် ၄၀၀ လျှပ်စစ်ဓာတ်အားပေး စက်ရုံနဲ့ သန်လျင်မြို့နယ်ရှိ မဂ္ဂါဝပ် ၃၅၀ ဓာတ်အားပေး စက်ရုံတွေနဲ့ ချိတ်ဆက်ကာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။အဲဒီ ဓာတ်ငွေ့တင် သင်္ဘောကြီးဟာ နှစ်နှစ်နဲ့ လေးလအကြာ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှာ ရန်ကုန်၊ သီလဝါဆိပ်ကမ်းကနေ ပြန်လည် ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။



news-view-count-icon

76