အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ရှိ သမိုင်းဝင် ရဲတိုက်နီ အနီး မက်ထရိုဘူတာရုံတစ်ခုတွင် တနင်္လာနေ့ ညနေပိုင်းက ကားတစ်စီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး၊ ၃၀ ကျော် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ပေါက်ကွဲမှုသည် ဖြည်းဖြည်းချင်းသွားနေသည့် ယာဉ်တစ်စီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အနည်းဆုံး ယာဉ် ၆ စီး မီးလောင်ခဲ့သည်။ ပေါက်ကွဲရသည့် အကြောင်းရင်းကို အတိအကျမသိရသေးဘဲ ရဲတပ်ဖွဲ့က "ဘက်ပေါင်းစုံမှ" စုံစမ်းစစ်ဆေးနေကာ၊ အဆိုပါဖြစ်ရပ်ကြောင့် နိုင်ငံတစ်ဝန်းရှိ အရေးကြီးနေရာများတွင် လုံခြုံရေး အဆင့်မြှင့်တင်ထားကြောင်း သိရသည်။

Nov 11 • 2:41 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 25 | 0 | 0 | 0 |


