back

တနင်္သာရီတိုင်း၊မြိတ်-ဘုတ်ပြင်း လမ်းတွင် စစ်ဆေးမှုပိုတင်းကျပ်လာ၍ ဒေသခံကုန်ကားသမားများ အခက်တွေ့ 

Nov 11 • 2:28 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီတိုင်း၊မြိတ်-ဘုတ်ပြင်း လမ်းတွင် စစ်ဆေးမှုပိုတင်းကျပ်လာ၍ ဒေသခံကုန်ကားသမားများ အခက်တွေ့ 

တနင်္သာရီတိုင်း၊မြိတ်-ဘုတ်ပြင်း ပြည်ထောင်စုလမ်းပေါ်ရှိ ဂိတ်များတွင် စစ်ဆေးမှုပိုမိုတင်းကျပ်လာသဖြင့် ဒေသခံကုန်ကားများ ကုန်စည်တင်ဆောင်ရာတွင် အခက်တွေ့နေကြောင်း ဘုတ...

တနင်္သာရီတိုင်း၊မြိတ်-ဘုတ်ပြင်း ပြည်ထောင်စုလမ်းပေါ်ရှိ ဂိတ်များတွင် စစ်ဆေးမှုပိုမိုတင်းကျပ်လာသဖြင့် ဒေသခံကုန်ကားများ ကုန်စည်တင်ဆောင်ရာတွင် အခက်တွေ့နေကြောင်း ဘုတ်ပြင်းမြို့နယ်နေ ‌ကားသမားအချို့ထံမှ သိရသည်။ထို့အပြင် ကုန်တင်ကားများနှင့် ခရီးသည်တင်ကားများထံမှ ဆက်ကြေးများတိုးကောက်ခံကာ ဆန်နှင့်စားသောက်ကုန်များ တင်ဆောင်လာပါက သတ်မှတ်ပမာဏထက် ဆက်ကြေးပိုပေးရကြောင်း ဘုတ်ပြင်းမြို့နယ်၊ ဘန်ဂလားကျေးရွာအုပ်စုနေ ‌ကုန်ကားမောင်းသမားတစ်ဦးက ပြောသည်။ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာများတွင် ရောင်းချရန်အတွက် စားသောက်ကုန်အပါအဝင် အခြားကုန်စည်များကို ကျေးရွာများရှိ ဒေသခံကားများဖြင့် မြိတ်မြို့မှတစ်ဆင့် သယ်ယူပို့ဆောင်ကြတာ ဖြစ်ပါသည်။

news-view-count-icon

16