back

ကမ္ဘောဒီးယားအလုပ်သမား ၁ သိန်းခန့် ဆက်လက်နေထိုင်ခွင့် ထိုင်းဘက်မှ တင်းကြပ်တော့မည်ဖြစ်

Nov 11 • 2:27 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယားအလုပ်သမား ၁ သိန်းခန့် ဆက်လက်နေထိုင်ခွင့် ထိုင်းဘက်မှ တင်းကြပ်တော့မည်ဖြစ်

ထိုင်းနိုင်ငံအတွင်းတွင် အလုပ်လုပ်နေထိုင်ခွင့် သက်တမ်းကုန်ဆုံးနေသည့် ကမ္ဘောဒီးယား အလုပ်သမားများ ဆက်လက်နေထိုင်ခွင့်ကို တင်းတင်းကျပ်ကျပ် စစ်ဆေးမည်ဖြစ်ကြောင်း ထိုင်...

ထိုင်းနိုင်ငံအတွင်းတွင် အလုပ်လုပ်နေထိုင်ခွင့် သက်တမ်းကုန်ဆုံးနေသည့် ကမ္ဘောဒီးယား အလုပ်သမားများ ဆက်လက်နေထိုင်ခွင့်ကို တင်းတင်းကျပ်ကျပ် စစ်ဆေးမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဗီရကူလ် (Anutin Charnvirakul)ကပြောကြားသည်။ ထိုင်းဝန်ကြီးချုပ်က ယနေ့ မဲဆောက်မြို့တွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ်ပြောခြင်းဖြစ်ကြောင်း ထိုင်း ရီပိုတာသတင်းကဖော်ပြသည်။စာရင်းများအရ ထိုင်းတွင်ယခုနှစ် ဖေဖော်ဝါရီလမှစ၍ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးသွားသည့် ကမ္ဘောဒီးယားနိုင်ငံသား အလုပ်သမားပေါင်း ၁ သိန်းနီးပါး ရှိနေပြီး ၎င်းတို့၏ ကိုယ်ရေးအချက်အလက်နှင့် နေရပ်လိပ်စာကို ရှင်းရှင်းလင်းလင်း အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ထိုင်းသတင်းက ဖော်ပြသည်။ကမ္ဘောဒီးယားအလုပ်သမားများအား စစ်ဆေးမှု မရှိဘဲ ဆက်လက်နေထိုင်ခွင့်ပြုပါက လုံခြုံရေးအပေါ် အကျိုးသက်ရောက်မှုများအပြင် တရားမဝင် ဝင်ရောက်မှု နှင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများ ဖြစ်ပွားလာနိုင်ကြောင်း ဖော်ပြသည်။

news-view-count-icon

11