ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် ပြီးခဲ့တဲ့ ဩဂုတ်လနဲ့ စက်တင်ဘာလကတည်းက ပိတ်မိနေတဲ့ ခရီးသည်တွေဟာ အခုအချိန်အထိ ကျောက်ဖြူမြို့ပြင်ပကို ထွက်ခွာခွင့် မရကြသေးဘူးလို့ ကျောက်ဖြူဒေသခံတဦးက ပြောပါတယ်။အဲဒီပိတ်မိနေသူတွေဟာ နယ်မှ ဒေသခံတွေက ကျောက်ဖြူမြို့ကနေတဆင့် ပြည်ပနိုင်ငံကို အလုပ်သွား လုပ်လိုသူတွေ ပြည်ပနဲ့ ပြည်မတို့ကတဆင့် ရက္ခိုင်ကို ပြန်လာရာမှာ ကျောက်ဖြူမြို့မှာ သောင်တင်နေသူတွေ နယ်ကနေ မြို့ထဲကို လာရောက်အလုပ်လုပ်ကိုင်ပြီး ပွဲစားဖြင့် မိမိနေရပ်ကို ပြန်လိုသူတွေ ပါဝင်ကြောင်း သိရပါတယ်။လက်ရှိမှာတော့ ပိတ်မိနေတဲ့ ခရီးသည်တွေဟာ ငွေကြေး၊ နေထိုင်စားသောက်ရေးအပါအဝင် အခြားသော အထွေထွေ အကြပ်အတည်းများနဲ့ ကြုံတွေ့နေကြရကြောင်းလည်း သိရပါတယ်။



