back

မုတ်သုံရာသီသည် နိုဝင်ဘာ ၁၃ ရက်မှစတင်၍ မလေးရှားနိုင်ငံသို့ ဝင်ရောက်နိုင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးမှုများ ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထား

Nov 10 • 12:01 PM

breaking-news

မလေးရှား

ပြည်တွင်း

cover

မုတ်သုံရာသီသည် နိုဝင်ဘာ ၁၃ ရက်မှစတင်၍ မလေးရှားနိုင်ငံသို့ ဝင်ရောက်နိုင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးမှုများ ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထား

2025/2026 အရှေ့မြောက်မုတ်သုံလေ (MTL) သည် ယခု ကြာသပတေးနေ့ (နိုဝင်ဘာ ၁၃ ရက်) မှ စတင်ကာ လာမည့်နှစ် မတ်လအထိ ဆက်လက် ရွာသွန်းမည်ဟု ခန့်မှန်းထားပြီး အဆိုပါ ကာလအတွင်း မ...

2025/2026 အရှေ့မြောက်မုတ်သုံလေ (MTL) သည် ယခု ကြာသပတေးနေ့ (နိုဝင်ဘာ ၁၃ ရက်) မှ စတင်ကာ လာမည့်နှစ် မတ်လအထိ ဆက်လက် ရွာသွန်းမည်ဟု ခန့်မှန်းထားပြီး အဆိုပါ ကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှု ၅ ကြိမ်မှ ၇ ကြိမ်အထိ ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားသည်။မလေးရှားမိုးလေဝသဌာန (MetMalaysia) ညွန်ကြားရေးမှူးချုပ် ဒေါက်တာ Mohd Hisham Mohd Anip က ရက်အတော်ကြာ မိုးသည်းထန်စွာ ရွာသွန်းပြီး အထူးသဖြင့် မြစ်များအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သည်ဟု ဆိုသည်။“ဤကာလအတွင်း အရှေ့မြောက်လေပြင်းများ ဆက်တိုက်တိုက်ခတ်မှုကြောင့် ပင်လယ်ရေ ကြမ်းတမ်းမှုများ ဖြစ်ပေါ်နိုင်ပြီး တောင်တရုတ်ပင်လယ်တွင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာနိုင်ခြေ ပိုများကြောင်း ၎င်းက ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။




news-view-count-icon

2