back

အာရှအမျိုးသမီးချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲတွင် မြန်မာအသင်း ၅ ဂိုးပြတ် ရှုံးနိမ့်

Nov 10 • 2:07 AM

breaking-news

မြန်မာ

ရန်ကုန်

cover

အာရှအမျိုးသမီးချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲတွင် မြန်မာအသင်း ၅ ဂိုးပြတ် ရှုံးနိမ့်

အာရှအမျိုးသမီးချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲ၏ အုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာအမျိုးသမီးကလပ်အသင်း (ISPE) သည် တောင်ကိုရီးယားအမျိုးသမီးကလပ်အသင်း (Suwon FC) ကို ၅ ဂိုးပ...

အာရှအမျိုးသမီးချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲ၏ အုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာအမျိုးသမီးကလပ်အသင်း (ISPE) သည် တောင်ကိုရီးယားအမျိုးသမီးကလပ်အသင်း (Suwon FC) ကို ၅ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ တောင်ကိုရီးယားအသင်းက ပွဲစဉ်တစ်လျှောက်လုံး ဖိအားပေးကစားခဲ့ရာ ပထမပိုင်း ပွဲချိန်နာကျင်ချိန်ပို သုံးမိနစ်အတွင်း တစ်ဂိုးသွင်းယူခဲ့သည်။ ဒုတိယပိုင်း ပွဲချိန် (၅၅)၊ (၅၈)၊ (၇၃) နှင့် (၈၂) မိနစ်တို့တွင် လေးဂိုးဆက်တိုက် သွင်းယူခဲ့ခြင်းကြောင့် မြန်မာအသင်းသည် ချေပဂိုးတစ်ဂိုးမျှ မသွင်းယူနိုင်ဘဲ ရှုံးပွဲကြုံခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် လာမည့် နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဂျပန်ကလပ် Tokyo Verdy နှင့်လည်းကောင်း၊ နိုဝင်ဘာ ၁၅ ရက်နေ့တွင် မြောက်ကိုရီးယားကလပ် Naegohyang အသင်းတို့နှင့် ထပ်မံယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

news-view-count-icon

15