ကျောက်ဖယား ရေတံခါးမှ ရေထုတ်လွှတ်မှုနှုန်းကို ယနေ့ ညနေ ၃ နာရီတွင် တစ်စက္ကန့်လျှင် ကုဗမီတာ ၂,၇၅၀ မှ ၂,၈၀၀ အထိ တိုးမြှင့်ခဲ့သည်။ အခုလိုရေထုတ်လွှတ်မှုနှုန်း မြန်ဆန်လာခြင်းကြောင့် ထိုင်းနိုင်ငံ အလယ်ပိုင်း လွင်ပြင်ဒေသ ရှိ မြစ်ကမ်းပါးနိမ့်ကျသော နေရာများနှင့် မြစ်လက်တက်များအနီးရှိ ခရိုင်များတွင် ရေလွှမ်းမိုးမှု သို့မဟုတ် ရေကြီးရေလျှံမှုများ ဖြစ်ပွားလာနိုင်ပါသည်။
အထူးသဖြင့်
• အယုဒ္ဓယ (Ayutthaya)
• အန်ထောင်း (Ang Thong)
• စင်ဘူရီ (Sing Buri)
• လော့ဘူရီ (Lopburi)
• ပထုန်ဌာနီ (Pathum Thani)
• နွန်ထဘူရီ (Nonthaburi)
စသည့် ခရိုင်များကို ပိုမိုသတိထားရန် လိုအပ်ပါသည်။



