back

အုပ်စုအဖွင့်ပွဲစဥ်မှာပင် မြန်မာအသင်း (၅) ဂိုးပြတ်ဖြင့် ရှုံးနိမ့်

Nov 09 • 4:35 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

အုပ်စုအဖွင့်ပွဲစဥ်မှာပင် မြန်မာအသင်း (၅) ဂိုးပြတ်ဖြင့် ရှုံးနိမ့်

အာရှအမျိုးသမီးချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲစဉ်အတွင်းမှာပင် မြန်မာအမျိုးသမီးအသင်း (ISPE) ဟာ တောင်ကိုရီးယားအမျိုးသမီးအသင်း (Suwon FC) အသင်းကို (...

အာရှအမျိုးသမီးချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲစဉ်အတွင်းမှာပင် မြန်မာအမျိုးသမီးအသင်း (ISPE) ဟာ တောင်ကိုရီးယားအမျိုးသမီးအသင်း (Suwon FC) အသင်းကို (၅) ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီဖြစ်ပါတယ်။ယနေ့ပွဲစဉ်တလျောက် တောင်ကိုရီးယားအသင်းက ဖိအားပေးကစားတာနဲ့အတူ မြန်မာအသင်းဟာ ပထမပိုင်းပွဲချိန် နာကျင်အချိန်ပို သုံးမိနစ်အတွင်း (၁)ဂိုးသွင်းခံလိုက်ရပါတယ်။ဒုတိယပိုင်းပွဲချိန်မှာတော့ တောင်ကိုရီးယားအသင်းဟာ ပွဲချိန် (၅၅) မိနစ်၊ (၅၈) မိနစ်၊ (၇၃) မိနစ်နဲ့ (၈၂) မိနစ်တို့မှာ လေးဂိုးဆက်တိုက်သွင်းယူခဲ့တာကြောင့် ပွဲစဉ်တလျှောက် (၅) ဂိုးပြတ်သွင်းယူခဲ့ပြီး၊ မြန်မာအသင်းဟာ ချေပဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။


news-view-count-icon

24