ထားဝယ်ဈေးကွက်တွင်ပြီးခဲ့သည့် သီတင်းပတ် နိုဝင်ဘာလ ၂ ရက်တွင် ဆန်ချောအမျိုးအစားများဖြစ်သည့် အကယ်ဒမီ (ပေါ်ဆန်း) အစိမ်းရောင် အမှတ်တံဆိပ် ဆန်တစ်အိတ်ကို ၁၆၁၀၀၀ ကျပ် စျေးရှိရာမှ နိုဝင်ဘာလ ၈ ရက်တွင် ၁၆၄၀၀၀ကျပ်၊ အနီရောင် အမှတ်တံဆိပ်မှာ ၁၄၃၅၀၀ ကျပ်မှ ၁၄၅၀၀၀ ကျပ်သို့ ဈေးတက်သွားသည်။ သို့သော် ဆန်ကြမ်းအမျိုးအစားများဖြစ်သည့် အေဝမ်း (ငွေတိုး) အမှတ်တံဆိပ် ဆန်ကြမ်းတစ်အိတ်လျှင် ၆၆၅၀၀ ကျပ်မှ ၆၁၀၀၀ ကျပ်၊ အောင်စင်္ကြာ ၁၁ (ပြာ) တစ်အိတ်လျှင် ၇၅၅၀၀ ကျပ်မှ ၇၀၅၀၀ကျပ်၊ ၎င်းဆန်ကြမ်းအမျိုးအစား (အနီ) အမှတ်တံဆိပ်မှ ၇၉၅၀၀ကျပ်မှ ၇၆၀၀၀ကျပ်သို့ ဈေးပြန်ကျ သွားသည်။ တစ်ပတ်အတွင်း ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ၁၀၀၀ ကျပ် ဈေးကျသွားသည်။ အခြားဆန်အမျိုးအစားများနှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ (ထူး၄/ထူး၅) အမျိုးအစားများမှာ ဇယားပါဈေးနှုန်းများအတိုင်း ယခုသီတင်းပတ်အတွင်း ဈေးငြိမ်နေသည်။



