ရခိုင်ပြည်၊ မြောက်ဦးခရိုင်အတွင်း ခိုးရာပါဆိုင်ကယ်တွေကို ပိုင်ရှင်တွေဆီ ပြန်လည်လွဲှပြောင်းအပ်နှံတာကို ဒီကနေ့ နိုဝင်ဘာလ ၉ ရက်မှာ အခမ်းအနားပြုလုပ်ပြီး အပ်နှံခဲ့တာလို့သိရပါသည်။အခုပြန်လည်လွဲှပြောင်းအပ်နှံခဲ့တဲ့ဆိုင်ကယ်တွေကတော့ ၁ဝ စီးဖြစ်ပြီး မြောက်ဦးခရိုင်ဖြစ်တဲ့ မြောက်ဦး၊ ကျောက်တော်နဲ့ မင်းပြားမြို့နယ်တွေက ဖြစ်တယ်လို့ သိရပါတယ်။အဲဒီဆိုင်ကယ်တွေကို ပြန်လည်လွှဲပြောင်းပေးတဲ့အခမ်းအနားသို့ ဆိုင်ကယ်ပိုင်ရှင်ခြောက်ယောက်ပဲတက်ရောက်နိုင်ခဲ့ပြီး ကျန်လေးယောက်ရဲ့ဆိုင်ကယ်လေးစီးကို အချက်အလက်အပြည့်အစုံနဲ့ လာရောက်ထုတ်ယူနိုင်တယ်လို့လည်း ကြေညာထားပါတယ်။



