ချင်းပြည်၊ ပလက်ဝမြို့နယ်၊ ဥဿလင်းဝကျေးရွာဇာတိ ခူမီးလူငယ်တစ်ဦးသည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ပြီးခဲ့သည် နိုဝင်ဘာလ ၇ ရက်နေ့တွင် ပျောက်ဆုံးသွားပြီး မိသားစုဝင်များသည် စိုးရိမ်သောကရောက်ရှိနေကြကြောင်း မိခင်ထံမှ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် သိရသည်။ပျောက်ဆုံးနေသူမှာ ပလက်ဝမြို့နယ်၊ ဥဿလင်းဝကျေးရွာဇာတိ ဦးအောင်ပြင်နှင့် ဒေါ်လင်းကိုး တို့၏ သားဖြစ်သူ မောင်ညီညီမောင်၊ အသက် ၁၈နှစ် သည် နိုဝင်ဘာလ ၇ ရက်နေ့တွင် မိခင်နှင့်အတူ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုံတွင် အလုပ်လျှောက်ရန်အတွက် သွားရောက်ရာတွင် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ယနေ့အထိ မည်သည့်အဆက်အသွယ် တစ်စုံတစ်ရာမျှ မရရှိသည်မှာ ၃ ရက်မြောက်နေ့ ရှိနေပြီဖြစ်ကြောင်း ဆွေမျိုးတစ်ဦးက ပြောသည်။ဦးအောင်ပြင်နှင့် ဒေါ်လင်းကိုး တို့၏ သားဖြစ်သူ မောင်ညီညီမောင်အား တွေ့ရှိပါက ဖုန်းနံပါတ် 09663996363 သို့ ဆက်သွယ်အကြောင်းကြားပေးကြပါရန် မိသားစုဝင်များနှင့် ဆွေမျိုးများကိုယ်စား ခူမီးမီဒီယာမှ အကူအညီတောင်းခံပါသည်။



