မိုးကုတ်မြို့ကနေ တိမ်းရှောင်သူ များပြားလာမှုကြောင့် မိုးကုတ် - မန္တလေး ကားခမှာ လူတယောက်ကို ကျပ် ငါးသိန်းမှ ခြောက်သိန်းငါးသောင်းကျပ် အထိ စျေးပေါက်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။ ကားအမျိုးအစားအပေါ် လိုက်ပြီး လူတယောက်ကို နှစ်သိန်းကျပ်မှ လေးသိန်းကျပ်သာ စျေးပေါက်တာ ဖြစ််တယ်လို့သိရပါတယ်။ ကားခစျေးနူန်းတွေ အဆမတန် မြင့်တက်သွားတဲ့အပြင် မိုးကုတ်မှ အခြားဒေသကို ခရီးသွားလိုသူ များတဲ့အတွက် ကားငှားလို့ပင် မရတော့တဲ့အထိ ဖြစ်နေတယ်လို့ လို့သိရပါတယ်။ လက်ရှိမှာ မိုးကုတ် ကနေ မန္တလေးကို ဆင်းတဲ့အခါ မိုးမိတ်လမ်း ကနေသွားလာတဲ့ ကားရှိသလို မိုးကုတ် မှ ကျောက်မဲ - နောင်ချို - ပြင်ဦးလွင် လမ်းကြောင်း သွားသူ တွေလည်းရှိကြောင်း ၊ ခရီးစဥ်အလိုက် အနည်းဆုံး တညအိပ်ရပြီး လမ်းကြောင်း အခြေအနေ မကောင်းပါက ရက်ကြာမြင့် မှုရှိတယ် လို့သိရပါတယ်။



