back

ကွတ်ခိုင်မှာ ဆိုင်ရှင်က ဝန်ထမ်းအမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ ကြံစည်

Nov 09 • 12:23 PM

breaking-news

မြန်မာ

ရှမ်း

cover

ကွတ်ခိုင်မှာ ဆိုင်ရှင်က ဝန်ထမ်းအမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ ကြံစည်

ရှမ်းမြောက် ကွတ်ခိုင်မြို့က ဆံပင်ညှပ်ဆိုင်တစ်ဆိုင်မှာ ဆိုင်ရှင်ဖြစ်သူက နိုဝင်ဘာ ၆ ရက် ညပိုင်းမှာ အရက်မူးပြီး ပြန်လာစဉ် ဆိုင်ဝန်ထမ်း အမျိုးသမီးကို အဓမ္မပြုကျင့်ဖ...

ရှမ်းမြောက် ကွတ်ခိုင်မြို့က ဆံပင်ညှပ်ဆိုင်တစ်ဆိုင်မှာ ဆိုင်ရှင်ဖြစ်သူက နိုဝင်ဘာ ၆ ရက် ညပိုင်းမှာ အရက်မူးပြီး ပြန်လာစဉ် ဆိုင်ဝန်ထမ်း အမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။အဲဒီအမျိုးသားက ဆိုင်ဝန်ထမ်းဖြစ်သူ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးကို အိပ်ယာပေါ်တွန်းချပြီး အဓမ္မပြုကျင့်ဖို့ ကြိုးစားစဉ် အမျိုးသမီးငယ်က ငိုကြွေးခဲ့တာကြောင့် အဲဒီအမျိုးသားက အခန်းထဲက ပြန်ထွက်သွားတယ်လို့ ကျူးလွန်ခံရသူ အမျိုးသမီးရဲ့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။အခုအမှုဟာ အဓမ္မပြုကျင့်မှု မဟုတ်ပေမယ့် ကာယကံရှင်ရဲ့ သဘောဆန္ဒမပါဘဲ အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တာကြောင့် ကာမကြံစည်မှုမြှောက်ပြီး အရေးယူပေးဖို့ အမျိုးသမီးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။





news-view-count-icon

18