back

ကလောမှာ ဖြိုးရတနာအောင် ခရီးသည်တင်ကား တိမ်းမှောက်လို့ ကလေးအပါ သုံးယောက် သေပြီး ၁၄ ယောက်ဒဏ်ရာရ

Nov 09 • 11:34 AM

breaking-news

မြန်မာ

ရှမ်း

cover

ကလောမှာ ဖြိုးရတနာအောင် ခရီးသည်တင်ကား တိမ်းမှောက်လို့ ကလေးအပါ သုံးယောက် သေပြီး ၁၄ ယောက်ဒဏ်ရာရ

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာနဲ့ မကွေ ကျေးရွာကြား ၊ မိုင်တိုင်အမှတ် (၅၆/၆)မှာ ဒီနေ့ ၊ နေ့လယ် ၁ နာရီကျော်လောက်က ခရီးသည်တင် ကားတစီး တိမ်းမှောက်ပြီး ...

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာနဲ့ မကွေ ကျေးရွာကြား ၊ မိုင်တိုင်အမှတ် (၅၆/၆)မှာ ဒီနေ့ ၊ နေ့လယ် ၁ နာရီကျော်လောက်က ခရီးသည်တင် ကားတစီး တိမ်းမှောက်ပြီး လူသုံးယောက်သေဆုံးကာ ၁၄ ယောက်ထိခိုက် ဒဏ်ရာရရှိ ခဲ့တယ်လို့ ကလောမြို့နယ် မီးသတ်ဦးစီးဌာနမှသိရပါတယ်။ ခရီးသည်ကားက ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာဖြစ်ကြောင်း ၊ သေဆုံးသူသုံးယောက်မှာ အမျိုးသမီး နှစ်ယောက်နဲ့ ကလးငယ်တယောက်တို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိ သူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူတွေ ရှိနေတယ်လို့သိရပါတယ်။ တိမ်းမှောက်ခဲ့တဲ့ ခရီးသည်တင်ကားက တောင်ကြီး - မန္တလေး ပြေးဆွဲနေတဲ့ ဖြိုးရတနာအောင် ခရီးသည်တင်ယာဥ်လိုင်းဖြစ်ကြောင်း ၊ လက်ရှိမှာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ် ။ 




news-view-count-icon

35