မြန်မာနိုင်ငံ၏ နာမည်ကြီး တီးဝိုင်းတစ်ခုဖြစ်သည့် IDIOTS အဖွဲ့ကို တရားဝင် ဖျက်သိမ်းတော့မည် ဖြစ်ကြောင်း အဖွဲ့ရှိ ကိုဂျပန်၏ ဖေ့စ်ဘုတ်စာမျက်နှာမှတစ်ဆင့် ကနဦး အသိပေးခဲ့ပြီး မကြာမီ ID-IOTS ဖေ့စ်ဘုတ်ပေ့ချ်မှ တရားဝင် ထုတ်ပြန်ကြေညာမည်ဟု သိရသည်။ ပရိသတ်များ နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့သည့် တတိယမြောက် အယ်လ်ဘမ်ကိုလည်း ထပ်မံ နားဆင်ရတော့မည် မဟုတ်ကြောင်း ဖော်ပြခဲ့သည်။ သို့သော်လည်း တီးဝိုင်း၏ မူပိုင်ခွင့် နှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာများ ရှိနိုင်သော်ငြားလည်း၊ ရေမွန် ထားခဲ့သည့် အမွေအနှစ်နှင့် IDIOTS တစ်ဖွဲ့လုံး၏ အမွေအနှစ်မှာ ပရိသတ်များ၏ ရင်ထဲတွင် အပိုင်သိမ်းထားခွင့် ရှိနေမည်ဖြစ်ကြောင်း ရေးသားထားသည်။
Nov 09 • 8:36 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 37 | 0 | 0 | 0 |


