မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ (USD 30 Million) ရောင်းချပေးမည်ဖြစ်ကြောင်း နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ နိုဝင်ဘာ ၈ ရက် FX Market Online Trading Platform တွင် တစ်ဒေါ်လာလျှင် ၃,၆၄၀ ကျပ်ဖြ
င့် ဈေးကွက်အရောင်းအဝယ် ဖြစ်ခဲ့သည်။ ထို့အပြင် ဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသော နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ခုနစ်သိန်းနီးပါးကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံလည်း ထုတ်ရောင်းပေးခဲ့သည်။ ယင်းနေ့ FX Trading တွင် ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာ၊ ဆေးဝါး၊ စက်မှုကုန်ကြမ်း၊ ဆောက်လုပ်ရေးပစ္စည်း၊ ကား/ဆိုင်ကယ်အပိုပစ္စည်း အပါအဝင် ကုန်စည်မျိုးစုံ တင်သွင်းသည့် Importer များမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ကြောင်း သိရသည်။


