"ဒီကဆုန်လပြည့်နေ့မှာဆိုရင် ၁၀၈ ပါးပေါ့နော်။ ရန်ကုန်တိုင်းတစ်တိုင်းလုံးမှာရှိတဲ့ မရှိဆင်းရဲသားတွေ အခုလိုမျိုး သီလပေး လပြည့်ဝန်းကြီးကဲ့သို့ ပြည့်ပြည့်ဝဝနေပြီးတော့ ပီတိတွေနဲ့ဝေဖြာနေတာပေါ့လေ... ။ ကုသိုလ် ဒီလိုမျိုး နေထူးနေ့မြတ်အခါကြီးအခါရက်မှာ ဒီလိုမျိုး မရှိဆင်းရဲသားတွေကို ဦးဇင်းတို့ နိုင်ငံသူနိုင်ငံသား ဆင်းရဲပေမယ့် သဒ္ဒါ တရားမဆင်းရဲဘူးဆိုတာကို ဒီနေ့ကနေပြီးတော့ လက်တွေ့ကျကျပြလိုက်တာပေါ့...။ ကိုဗစ်မှာလေ ဦးဇင်းတို့ကို သတိ သံဝေဂပေးသွားပါတယ်။ ပိုက်ဆံဘယ်လောက်ပဲရှိရှိ ဆေးကုသလို့မရတဲ့ ကိုဗစ်ကာလမှာလည်း သတိသံဝေဂပေးသွားသလို ဒီငလျင်ဘေးမှာလည်း စက္ကန့်ပိုင်းအတွင်းမှာ ဘဝတွေ အကုန်လုံး ပြောင်းလဲသွားတယ်။ အဲ့တော့ သတိသံဝေဂယူမယ်ဆိုရင် ဒီတိုက်ပေါ်ကနေ ခဏလေးမှာ၊ စက္ကန့်ပိုင်းအတွင်းမှာ၊ တိုက်ပေါ်ကနေ ပလက်ဖောင်းပေါ် ရောက်သွားတယ်။ လူ့ဘဝကြီးက အရမ်းကြောက်ဖို့ကောင်းတယ်" ဆရာတော် အသျှင်ကုမာရ ကမိန့်ဆိုပါတယ်။
ငလျင်ဘေးကြောင့် စက္ကန့်ပိုင်းအတွင်းမှာ လူဘဝကြီးက တိုက်ပေါ်ကနေ ပလက်ဖောင်းပေါ်ရောက်သွားလို့ သံဝေဂတွေရတယ်ဆိုတဲ့ ဆရာတော် အသျှင်ကုမာရ
May 12 • 11:24 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


