စစ်ကိုင်းချောင်ကို ငလျင်ဘေးအလှူအတွက် သွားရောက်လှူဒါန်းပြီး ပြန်လာတဲ့ ဟိုက်ဂျက်အမျိုးအစားယာဉ်တစ်စီး စစ်ကိုင်းတောင်ရိုး ပဲစားချောင်နဲ့ ပတ္တမြားစေတီအသွား တောင်တက်လမ်း တစ်နေရာမှာ နောက်ပြန်လိမ့်ပြီး ပြုတ်ကျလို့ ယာဉ်ပေါ်ပါ သီလရှင်ဆရာလေး သုံးပါးနဲ့ အမျိုးသမီးနှစ်ဦး ပြင်းထန်ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ပုဂံဒေသလူမှုကူညီကယ်ဆယ်ရေး အသင်းထံကနေ သိရပါတယ်။




