၁၉၄၀ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ (၁၃၀၁ ခုနှစ်၊ တပေါင်းလဆုတ် ၁၀ ရက်) မတိုင်မီ မွေးဖွားခဲ့သည့် အသက် ၈၅ နှစ် ပြည့်ပြီး သက်ကြီးရွယ်အိုများအနေဖြင့် လူမှုရေးပင်စင်လျှောက်ထားနိုင်သည်ဟု ဆိုသည်။၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် ဘတ်ဂျက်ဖြင့် လူမှုရေးပင်စင် ထောက်ပံ့ပေးမည်ဖြစ်ပြီး အခု မေလအတွင်း စာရင်းတောင်းယူခြင်းဖြစ်ကာ အဆိုပါ စာရင်းကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး (သို့မဟုတ်) နီးစပ်ရာ လူမှုဝန်ထမ်းရုံးများသို့ လာမည့် မေ ၃၁ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း အသိပေးထားသည်။အသက် ၈၅ နှစ် ပြည့်ပြီးသူများအနေဖြင့် လူမှုရေးပင်စင် ခံစားခွင့်အတွက် တစ်လ တစ်သောင်းကျပ် ရရှိမည်ဖြစ်ပြီး သုံးလ တကြိမ် စုပေါင်း ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။



