စီးပွားရေးအခက်အခဲများကြောင့် ရွှေထည်ဝယ်ယူမှုနည်းလာခြင်းသည် မန္တလေးအပါအဝင်နေရာအသီးသီးတွင် ပန်းထိမ်အလုပ်သမားအများအပြားအလုပ်ရပ်နားရသည့်အခြေအနေကို ဖြစ်စေခဲ့ပြီး လက်ရှိတွင် ဝန်ထမ်းများ၏ ၅၀ ရာခိုင်နှုန်းကျော်မှာ လုပ်ငန်းမရှိသဖြင့် အလုပ်နားထားနေရကြောင်း သိရသည်။



