မုံရွာမြို့နယ်ရှိ ကျောက်ကာရွှေဂူနီဘုရားကြီး၌ ကဆုန်လပြည့်ကျော် (၈)ရက်တွင် ကျင်းပမည့် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် ဘုရားကြီးအား အနေကဇာတင်လှူပူဇော်မည်ဖြစ်ပြီး သြဝါဒါစရိယဆရာတော်ကြီး (၁၂)ပါးအား ဖိတ်ကြား၍ နံနက်အာရုဏ်တက်တွင် ဆွမ်းကပ်လှူမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင်များထံမှ သိရသည်။



