ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် ( KSCU ) မှ စာကြည့်တိုက်ပညာကို စိတ်ပါဝင်စားသူများအတွက် စာကြည့်တိုက်စီမံခန့်ခွဲမှု အခြေခံသင်တန်းစတင်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။မိမိ၏ရပ်ကွက်၊ အလုပ်ဌာန၊ အဖွဲ့အစည်းများတွင် အသိပညာဗဟုသုတများကို ဖြန့်ဝေပေးနိုင်မည့် စာကြည့်တိုက်များကို စနစ်တကျ စီမံခန့်ခွဲတတ်စေရန် နှင့် စာကြည့်တိုက်တစ်ခုကို စနစ်တကျ လည်ပတ်နိူင်စေရန် လုပ်ဆောင်ရမည့် Technical Services နှင့် Library Management စသည်တို့ကို တတ်ကျွမ်းနားလည်ပြီး Library Technician များ ဖြစ်လာစေရန် ရည်ရွယ်၍ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် စာကြည့်တိုက်နှင့် သုတပညာဌာနမှ “စာကြည့်တိုက်စီမံခန့်ခွဲမှုပညာ အခြေခံသင်တန်း” (Basic Course for Library Management) အပတ်စဉ် (၁) ကို လာမည့် ( ဇွန်လ ၊ ၂ ၊ ၂၀၂၅ ) မှစတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း KSCU မှ ကြေညာထားပါသည်။
သင်တန်းကာလ : (၃) လခွဲ
သင်တန်းချိန် : ညနေ (၄:၃၀) မှ (၆:၀၀ ) ( တနင်္လာ မှ ကြသပတေး )
သင်တန်းနေရာ : KSCU
သင်တန်းကြေး : (၁) သိန်း (၅) သောင်းကျပ်သင်တန်းတက်ရောက်လိုသူများအနေဖြင့် ( မေလ ၊ ၁၂ ၊ ၂၀၂၅ ) ရက်နေ့မှ စတင်ပြီး KSCU ၏ ကျောင်းသားရေးရာဌာနတွင် နံနက် (၉) နာရီ မှ ညနေ (၄) နာရီအထိ (ရုံးချိန်အတွင်း) စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရပါသည်။



